နေသာပြီးမိုးရွာခြင်း
မိုးသားဆင်ယင် ကောင်းကင်ပြင်ဝယ်
တိမ်ညိုအုံ့ဆိုင်း ရှစ်ခွင်တိုင်းမို့
မှုံမှိုင်းဝေသီ မိုးရွာမည် -----
ကြည်ကြည်လင်လင် ကောင်းကင်ပြင်ဝယ်
သုရိန်သာလျှက် မိုးမင်းဖက်သည်
နေပင်သာလျှက် မိုးရွာလျှက်တည်း ----
လူဘုံလူ့ရွာ ဒို့ဆီမှာလည်း
ချစ်ပင်ချစ်လျှက် အမုန်းဖက်သည်
မုန်းပင်မုန်းလျှက် အချစ်စွက်သည်
နေပင်သာလျှက် မိုးရွာလျှက်တည်း -----
Monday, September 8, 2008
Subscribe to:
Posts (Atom)