Saturday, August 9, 2008

ပျဉ်းမနား မြို့တည် မော်ကွန်း

ပျဉ်းမနား မြို့တည် မော်ကွန်း

ပျဉ်းမနားမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး ရာသီဥတုကောင်းမွန်ကာ သွားရေး လာရေး
လွယ်ကူသော အချက်အခြာကျသည့်နေရာတွင် တည်ရှိသည်နှင့်အညီ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော် ကတည်းကပင် ပျူလူမျိုးများ အခြေချနေထိုင်ခဲ့ကြပေသည်။

ဘီစီ(၂)ရာစုမှစတင်၍ ပျူလူမျိုးများနေထိုင်ခဲ့ကြပေသည်။ ပျူမျြို့ပြနိုင်ငံများ ပျက်သုဉ်း ပြီးနောက် ဒေသခံလူမျိုးများက ဆက်လက်နေထိုင်ခဲ့ကြပေရာ၊ မြန်မာမင်းဆက်များ၏ အုပ်ချုပ်မှု့သက်ရောက်ခဲ့ပေသည်။ ပုဂံမင်းဆက်များ၏ သာသနာပြုမှုများကို အများအပြား တွေ့ရပေသည်။

အေစီ ၁၃၀၄ခုနှစ်၊အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၆)နာရီအချိန်တွင် ရှမ်းကန် တောင်ဘက်တွင် ဘုရားကိုးဆူ စတင်တည်ထားကိုးကွယ်ခဲ့ပါသည်။ ၄င်းဘုရားကိုးဆူ တည်သောနေ့သည်ပင်လျှင် ပျဉ်းမနားမြို့တည်ရန် စတင်ပန္နက်ရိုက်သောနေ့ ဖြစ်သည်။

မြို့ကို စတင်တည်ထောင်စဉ်က အမည်မှာ နင်းကြမ်းမြို့ ဖြစ်ပေသည်။ နင်းကြမ်းမြို့ အဖြစ် ကုန်းဘောင်ခောတ်၊ စစ်ကိုင်းမင်းလက်ထက်က တောင်ငူမြို့ဝန်၏ လက်အောက်တွင် ရှိခဲ့ပြီး၊ သာယာဝတီမင်းလက်ထက်၊ (အေဒီ ၁၈၃၇-၁၈၄၆)တွင် မြို့ အဖြစ်သတ်မှတ်ခဲ့သည်။

အင်္ဂလိပ်-မြန်မာဒုတိယစစ်အပြီး ၁၈၅၂ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် အင်္ဂလိပ် တို့က ပဲခူးနယ်ကို သိမ်းပိုက်ခဲ့ရာ ၄င်း နယ်အတွင်းရှိ၊ နင်းကြမ်းအပါအ၀င် မြို့(၁၂)မြို့သည် မြန်မာမင်းပိုင်နယ်အဖြစ် ကျန်ခဲ့ရာနယ်ကျန်အဖြစ်လူသိများခဲ့ပါသည်။

၁၈၈၆ခုနှစ် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့မှ သိမ်းပိုက်ခဲ့ပြီးနောက် ၁၈၈၉ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့၌ မြင်းခြံ မီးရထား လမ်းဖေါက်ပြီး နောက်ပိုင်းတွင်၊မြင်းခြံ (MYIN GYAN) နှင့် နင်းကြမ်း( NIN GYAN) လွဲမှားမှု မကြာခဏ ဖြစ်သဖြင့် နင်းကြမ်းအား ပျဉ်းမနားမြို့အဖြစ် အမည်ပြောင်းလဲခဲ့ရာယနေ့တိုင်ဖြစ်ပေသည်။

(နေပြည်တော်ပျဉ်းမနားမဂ္ဂဇင်း(၂၀၀၇)မှကျော်ငြိမ်း၏ဆောင်းပါးကိုမှီငြမ်းပြုပါသည်။

No comments: